Angry Birds Seasons v2.1.0.0




Angry Birds ကိုတော့  အားလုံးသိပီးသာပါ...ခုအသစ်ထွက်တာလေးတွေ့ လို့  တင်ပေးလိုက်တာပါ... ဒီ Angry Birds ဂိမ်းလေးက တော်တော်လေး ဆော့လို့ ကောင်းတယ်...ကျတော်လည်း တော်တော်ဆော့ဖြစ်ပါတယ်..ကျတော့လို   Angry Birds ကို သဘောကျတဲ့လူတွေအတွက် အသစ်ထွက်တာလေးတွေ့ လို့ တင်ပေးလိုက်တာပါ..  အမြဲတမ်းအသုံးပြုလို့ ရအောင် crack လေးပါထည့်ပေးထားပါတယ်... မဆော့ဘူးသေးတဲ့လူတွေလည်း ဆော့ကြည့်ပေါ့...သဘောကျကြမှာပါ..အောက်မှာ download လင့်လေးတွေပေးထားပါတယ်...အဆင်ပြေတယ့်လင့်ကနေ download လုပ်လိုက်ပါ  ..ပီးရင်ဆော့ကြည့်လိုက်ပါအုံး  :)


mediafire  ၊   ifile 

Watery Desktop 3D v.3.53


ကွန်ပျူတာကို အလှဆင်ချင်တဲ့လူတွေအတွက် အသစ်အဆန်းလေးအနေနဲ့  အသုံးပြုလိုရအောင် Watery Desktop 3D ဆိုတဲ့ Animated wallpaper လေးတင်ပေးတာပါ...ဒီ software လေးက လန်းလည်းလန်းတယ်..  ဒီကောင်လေးကို desktop background အဖြစ်ထားထားရင် screen ပေါ်မှာ ရေလှိုင်းရဲ့ လှုပ်၇ှားမှုဒီဇိုင်းလေးတွေ တွေ့ ရမှာပါ...ပီးတော့ screen ပေါ်မှာ   mouse ရွှေတိုင်း ရေလှိုင်းလေးတွေ ပေါ်အောင်လည်းလုပ်လို့ ရပါတယ်...သူ့ ရဲ့ ဆော့ဝဲလ်ထဲမှာ ကိုယ်ထားချင်တဲ့ ပုံစံကို ထားလို့ ရပါတယ်..နောက်တစ်ခုက ဒီကောင်လေးက  screen saver အဖြစ်ပါ အသုံးပြုလို့ ရပါတယ်..အမြဲတမ်းအသုံးပြုလို့ ရအောင်  key တွေပါ တခါတည်းထည့်ပေးထားပါတယ်  ...လိုချင်ရင်တော့ အောက်မှာ download link လေးတွေပေးထားပါတယ် ..အဆင်ပြေတဲ့ လင့်ကနေ download  လုပ်သွားပါ


mediafire   ၊    ifile

AVG Internet Security (2011) (Licence 2018)



ကျတော်လည်း AVG  လေးတင်ပေးဖို့  ရှာတော့  ကိုပြည့်ဖြိုးရဲ့   blog  ကို အလည်သွားရင်းနဲ့   သွားတွေတယ်... လိုင်စင်ကလည်း 2018 အထိဆိုတော့ လန်းတာပေါ့  :) ၊ အဲ့ဒါနဲ့  ကျတော်လည်း ပြန်ပီး ရှယ်လိုက်တာပါ... AVG ကို အသုံးပြုတဲ့လူတွေအတွက်  အောက်မှာ mediafire ကနေ တင်ပေးထားပါတယ်..လိုအပ်တဲ့လူများ download လုပ်သွားပါ ...


Avira Antivirus Premium 2012 Free 6 Months Activation Code


Avira Antivirus Premium 2012 ကို  6 လ free သုံးလို့ ရတဲ့ လုပ်ပုံလုပ်နည်းလေးကို Avira ချစ်သူတွေအတွက်  post အဖြစ်ရေးလိုက်တာပါ...သိပီးသား လူတွေလည်း ရှိမှာပါ...မသိသေးတဲ့လူတွေအတွက် အလွယ်တကူ 6 လစာ free သုံးလို့ ရအောင်ပါ..

Avira ကုမ္ပဏီကနေပီးတော့  free 6 လ ပေးတာဖြစ်တဲ့အတွက်.. စိတ်ချလက်ချအသုံးပြုလို့ ရပါတယ်.. Avira Antivirus Premium 2012 ကို ( 25 / 5 /2012 ) အထိသုံးလို့ ရတဲ့ HBEDV-key နဲ့ အတူ ကျတော်တင်ပေးထားပါတယ်... ဒီမှာယူပါ   ...  အဲ့ဒါမသုံးချင်ဘူး ကိုယ်တိုင်စမ်းကြည့်ချင်တယ်ဆိုရင်တော့ ကျတော်ပြောတဲ့အတိုင်းလေး လုပ်ကြည့်ပါ...

ပထမဆုံး အနေနဲ့  အောက်က ပေးထားတဲ့ link ကို သွားပါ...

ရောက်သွားပီဆိုရင် အောက်က ပုံလေးအတိုင်းတွေ့ ရမှာပါ..


အဲ့ဒီအဆင့်ရောက်ပီဆိုရင် သူတောင်းထားတဲ့ အချက်အလက်တွေကို ဖြည့်ပေးလိုက်ပါ.. gmail ကိုတော့ ကိုယ့်ရဲ့ gmail ကို အသုံးပြုရမှာပါ...ဘာလို့ လည်းဆိုတော့ HBEDV-key ကို  Avira က gmail ကို ပို့ ပေးမှာဖြစ်လို့ ပါ...ဖြည့်ပီးသွားရင်တော့  “Request license now” ကို နှိပ်ပါ..ပီးသွားရင် အောက်ကပုံလေး ထပ်ပေါ်လာပါမယ်...




အပေါ်က ပြထားတဲ့ အတိုင်း  " License Overview " ကို ကလစ်ထပ်နှိပ်ပါ.. နှိပ်ပီးတာနဲ့  ကိုယ့်ရဲ့ gmail ကိုလည်း Avira ကနေပီး mail တစ်စောင် ၀င်လာပါလိမ့်မယ်..အောက်ဆုံးမှာ HBEDV-key လေးပါလာပါလိမ့်မယ်..အဲ့ဒါလေးကို ဒေါင်းထားလိုက်ပါ
ပီးသွားရင်တော့ Avira Antivirus Premium 2012  ကို install လုပ်ပါ..ကျတော်တင်ပေးသားလည်း ရှိပါတယ်.. မူရင်းလင့်ကနေလည်း  ဒေါင်းလို့   ရပါတယ်..  ဒီမှာပါ  ...ဒေါင်းလော့ ပီးသွားရင်  install လုပ်ပါ.. ပီးတော့ HBEDV key ကိုထည့်ပေးလိုက်တာနဲ့   Avira Antivirus Premium 2012 ကို 6 လ free အသုံးပြုလို့ ရပါပီ..


Kaspersky Internet Security 2012 Keygen



Kaspersky Antivirus ကို အသုံးပြုကြတဲ့လူတွေ  အများအားဖြင့် Key အဆင်မပြေတော့လို့   ပြန်ရှာရတာတွေဖြစ်တတ်ပါတယ်..အဲ့ဒီအတွက်  အဆင်ပြေအောင်  kaspersky 2012 key Generate လေးတင်ပေးတာပါ...ဒီကောင်လေးက ကိုယ်ဘာသာ key ကို၇ှာလို့ ရပါတယ်..

ပထမဆုံး  kaspersky 2012 Trial လေးကို  အရင်ဒေါင်းလိုက်ပါ.. 

http://www.kaspersky.com/internet-security-2012

ရပီဆိုရင် စက်ထဲသွင်းထားလိုက်ပါ.. ပီးတာနဲ့  ကျတော်တင်ပေးထားတဲ့ kaspersky 2012 key Generate  လေးကိုဖွင့်ပါ..
ပီးတော့ Generate ကို နှိပ်ပီး ရလာတဲ့ serial keys တွေထဲက အဆင်ပြေတဲ့ key နဲ့  အသုံးပြုယုံပါပဲ..လိုအပ်တဲ့လူများ အဆင်ပြေတဲ့လင်ကနေ  ဒေါင်းသွားပါ ။


TeraCopy Pro 2.27 Final Multilingual

Tera Copy ကို  ထပ်ပီးတော့ မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ကျတော်  ဗား၇ှင်း  2.12 ကို တင်ပေးထားပီးသားပါ..  ဒီနေရာလေး  မှာပါ..  ခုက နောက်ဆုံးထွက်တာလေးတွေ့ လို့   တင်ပေးလိုက်တာပါ...  ဒီကောင်လေးကို  စက်ထဲ ထည့်ထားတဲ့လူတိုင်း file  တွေကို copy & paste လုပ်တဲ့နေရာမှ အချိန်သက်သာကြောင်း သိပီးသားပါ.. Version အသစ်လေးကို သုံးချင်တဲ့လူတွေအတွက် တင်ပေးတာပါ.. လိုချင်တယ်ဆိုရင်တော့ အဆင်ပြေတဲ့လင့်ကနေ ဒေါင်းသွားပါ။


mediafire   ၊    ifile

Animated Desktop Fruit Christmas Wallpaper



Christmas အတွက် အမှတ်တရလေးပေါ့..သူများတွေကို လက်ဆောင်ပေးချင်လည်း ပေးလို့ ရအောင်  တင်ပေးတာပါ...Animated Wallpaper  ဆိုတဲ့ အတိုင်း  အဲ့ကောင်လေးကို run ပေးထားရင်  desktop ပေါ်မှာ နှင်းလေးတွေပါ ကျနေမှာပါ.......  နင်းတွေကျနေလို့  desktop အေးမှာဆိုးလို့   :P    ပိတ်ချင်တယ်ဆိုရင်တော့ taskbar က Animated snow wallpaper ဆိုတာလေးကို  right click ပေးပီး Exit လုပ်လိုက်ရင် ရပါပီ...သဘောကျမယ်ထင်လို့  တင်ပေးတာပါ...လိုချင်တယ်ဆိုရင်တော့ အောက်က အဆင်ပြေတဲ့လင့်ကနေ ဒေါင်းသွားပါ...  ။



mediafire  ၊    ifile   

Gmail Account Locked ကျသွားရင်

Gmail Account Locked ကျသွားရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မေးတာလေးတွေ တွေ့ တော်  ရှာကြည့်တာ    Google က အဲ့အတွက် service ပေးထားပါတယ်။ အောက်က Link ကိုသွားပါ။

https://www.google.com/accounts/DisplayUnlockCaptcha

ရောက်သွားရင် အောက်က ပုံလေးအတိုင်း ပေါ်လာပါမယ်...




 အဲ့မှာ Locked ကျသွားတဲ့ gmail account နဲ့ password ကိုဖြည့်ပြီး စကားလုံးလေးတွေ ပုံဖျတ်ထားတာကို မှန်အောင်ရိုက်ပြီး အောက်နားမှာ unlock ဆိုတာကိုနှိပ်ပြီးလုပ်ကြည့်ပါဗျာ။အဆင်ပြေမယ်လို့ တော့ မျှော်လင့်ပါတယ်..

ကျတော်လည်း lock မကျဘူးတော့ မစမ်းဖြစ်သေးဘူး..အဆင်မပြေရင် comment ချန်ထားပေးပါ...

Viedo ကို Desktop မှာ Wallpaper အနေနဲ့ ထားကြည့်ရအောင် (with VLC )

မနေ့ က ထက်ဇော် (MMiTD ) နဲ့ အွန်းလိုင်းကနေ ချက်နေရင်း  viedo file ကို desktop မှာ wallpaper အနေနဲ့   သုံးလို့ ရတာသိလားဆိုပီး  ပြောလာတယ်...ကျတော်ကလည်း  မသိဘူးလို့  ပြောတော့  ခု mmitd ဆိုဒ်ထဲမှာ  အဲ့ဒီအကြောင်း post အသစ်လေးတင်နေတာတဲ့...တင်းပီးပီးခြင်း link ပေးတာနဲ့  ၀င်ကြည့်လိုက်တာ  သဘောကျသွားတယ်..အဲ့ဒါနဲ့   ကျတော်လည်း  ပြန်ရှယ်လိုက်တာပါ...ထက်ဇော်(MMiTD)  ရဲ့   post အတိုင်း   ပြန်တင်ပေးထားတာပါ....  အောက်မှာ ဖတ်ကြည့်ပီး စမ်းကြည့်ကြည့်ပါ..သဘောကျမှာပါ....နည်းပညာအသစ်တွေမျှဝေပေးတဲ့ ထက်ဇော်  (MMiTD) ကိုလည်း အထူးကျေးဇူးတင်ပါတယ်...


ကျွန်တော်တို့ နေ့ စဉ် မရှိအဖြစ် အမြဲတစ်စေ အသုံးပြုနေကြမြဲ ဖြစ်တဲ့ .. ကွန်ပျူတာ တွေ အတွက် ... ပုံသေ သတ်မှတ်ပေးထားသော Desktop Background ကြီးကို သုံးနေရတာ ပျင်းရိငြီးငွေနေ့ ပါပြီလားးး ??

အဲ့ဒါဆို .... ကိုယ့်စိတ်ကြိုက် Video ခွေတစ်ခွေ (သို့ ) Music Video အစ ရှိတာတွေကို Desktop Background မှာ ထားပြီး ကွန်ပျူတာကို အသုံးပြုကြည့်ရအောင် .... ။

အဲ့လို အသုံးပြုနိုင်ဖို့ အတွက် ..ဘာမှ သိပ်အများကြီး လုပ်စရာ မလိုအပ်ပါဘူးး ။ ဒါပေမဲ့ ... သင် အသုံးပြုတဲ့ Windows ကတော့ .. Windows 7 ဖြစ်မှ ရပါမယ် ... ။ (အဲ့လို ပြောလိုက်လို့  Windows XP အသုံးပြုနေတဲ့ သူတွေ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ ... ။ သင်တို့ အတွက် သီးသန့် Player လေး တစ်ခုလည်း ရှိပါသေးတယ် ... ။ အဲ့ဒါကတော့ ... KM Player ပါ ။ အဆိုပါ ပိုစ့်လေးမှာ ဖတ်ရှုနိုင်ပါတယ် ... ။  )  အဲ့နောက်မှာမှ ...  သင့်မှာ
VLC Media Player လေး တစ်ခု ရှိဖို့ ပဲ လိုအပ်ပါတယ် ... ။

တကယ်လို့ VLC Player လေး မရှိဘူး ဆိုရင်တော့ .... VLC Media Player လေးကို အရင်ဆုံး ဒေါင်းလုပ် လုပ်လိုက်ပါ .... ။

Download VLC Player Now

Download လည်း လုပ်ပြီးသွားပြီ Install လည်း လုပ်ပြီး သွားပြီ ဆိုရင်တော့ .. VLC ကို Run လိုက်ပါ ... ။ ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းစီ လိုက်လုပ်ပေးသွားရုံပါပဲ ... ။



ပြီးရင် Video ဆိုတဲ့ Tab မှာ ... Output ဘေးက Drop Down Arrow လေး ကို နှိပ်ပြီး Diret X Video Output ဆိုတာလေးကို ရွေးပေးပြီး Save လိုက်ပါ ... ။



ှSave လုပ်ပြီးရင် VLC Media Player ကို ပိတ်လိုက်ပါ ... ။ ပြီးမှ ... မိမိ စိတ်ကြိုက် Video ဖိုင် တစ်ဖိုင်ကို VLC နဲ့ ဖွင့်လိုက်ပါ ... ။ ဖွင့်ပြီးတာနဲ့ Video Menu လေးမှာ Direct X Wallpaper ဆိုတာလေးကို အမှန်ခြစ်ပေးပါ ... ။


အဲ့လို အမှန်ခြစ်လိုက်တာနဲ့ .. aero theme သုံးထားတဲ့ သူတွေ အနေနဲ့ .. windows 7 basic theme ကို ချိန်းသွားပါလိမ့်မယ် ... ။ (ကိစ္စ တော့မရှိပါဘူးးး ။ VLC ပိတ်လိုက်ရင် သူ့ သူ theme ပြန် ပြောင်းပေးသွားပါလိမ့်မယ် ... ။ )


ကဲ .. အဲ့ဒါလေးတွေ အားလုံး ပြုလုပ်ပြီးပြီ ဆိုရင်တော့ ... သင့်ရဲ့ Desktop Background ကို ပြန်သွားလိုက်ပါ ... ။
VLC Media Player နဲ့ သင်ဖွင့်ထားခဲ့တဲ့ Video ဖိုင်လေးကို သင့်ရဲ့ Desktop ပေါ်မှာ ... တွေ့ ရပါလိမ့်မယ် ... ။ ( အဲ.. ဒါပေမဲ့ ... Desktop ပေါ်မှာ right click နှိပ်ပြီး Refresh တော့ မနှိပ်မိစေနဲ့ နော် ... ပြန်ပျောက်သွားလိမ့်မယ် ... ။ ဒါပေမဲ့ .. ကျန်တာတွေကိုတော့ .. ပုံမှန် အသုံးပြုနေကြ အတိုင်း အသုံးပြုနိုင်ပါတယ် ... ။ ) ပုံမှန် အတိုင်း ပြန်လည် အသုံးပြုချင်ရင်တော့ Desktop Background ကို ချိန်းလိုက်တာပဲ ဖြစ်ဖြစ် ၊ VLC ကို ပိတ်လိုက်တာပဲ ဖြစ်ဖြစ် ပြုလုပ်ပြီး ပုံမှန် အတိုင်းပြန်လည် အသုံးပြုနိုင်ပါတယ် ခင်ဗျာ ... ။

ကဲ .. အဲ့လောက် ဆိုရင်တော့ ... ပုံမှန် သမားရိုးကျ ပုံသေ သတ်မှတ်ပေးထားတဲ့ Desktop Background Wallpaper တွေကနေ ခွဲထွက်ပြီး မိမိ စိတ်ကြိုက် Video Background များဖြင့် ကွန်ပျူတာ အသုံးပြုရင်း ကိုယ် ၊ စိတ် လန်းရွှင်စွာဖြင့် တစ်နေ့ တာ အတွက် လုပ်ငန်း ဆောင်တာများကို ဆက်လက် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ် ။

အားလုံး အဆင်ပြေကြပါစေခင်ဗျာ ... ။
Htet Zaw (MMiTD)
htetzaw551990@gmail.com

Avira AntiVirus Premium 2012


Avira Antivirus ကို သဘောကျတဲ့လူတွေအတွက်  Avira AntiVir Premium 2012   လေးတင်ပေးတာပါ..  Avira  ကို ကျတော်ကိုယ်တိုင်လည်း   လက်ရှိအသုံးပြုပါတယ်  ... Avira ရဲ့  အားသာချက်က    တခြား   Antivirus software တွေမသတ်ပေးနိုင်တဲ့ virus တွေကိုပါ   ရှင်းပေးနိုင်ပါတယ်....ခုကျတော်တင်ပေးထားတဲ့   rar ဖိုင်ထဲမှာ 25.5.2012 အထိအသုံးပြုလို့ ရမယ့်  HBEDV-key လေးပါ တခါတည်းထဲ ထည့်ပေးထားပါတယ်..... လိုချင်ရင်တော့ အောက်ကပေးထားတဲ့ လင့်တွေထဲက အဆင်ပြေတဲ့ link ကနေ download  လုပ်သွားပါ...။



mediafire  ၊    ifile 

Internet Download Manager v6.07.14


IDM ဗားရှင်းအသစ်လေးတွေ့ လို့ တင်ပေးလိုက်တာပါ.... IDM (Internet Download Manager ) ဆိုရင်  လူတိုင်းသိထားပီးသားဖြစ်လို့   ဘာမှရှင်းပြမနေတော့ပါဘူး....  IDM ဗားရှင်းအသစ်ကိုမှ  သုံးချင်တဲ့လူတွေအတွက်  တင်ပေးလိုက်တာပါ... crack ဖိုင်ပါတခါတည်းပါပါတယ်   ..လိုချင်ရင် အဆင်ပြေတဲ့လင်ကနေ ဒေါင်းလော့ သာလုပ်သွားပါ...



mediafire  ၊    ifile  

Auto Hide IP v 5.1.7.2



ဒီ software လေးကတော့  ကိုယ်ရဲ့ ကွန်ပျူတာ IP နံပတ်ကို ပြောင်းစေချင်တဲ့အခါမှာ အသုံးပြုလို့ ရပါတယ်...ကျတော်တို့ တွေ  အွန်လိုင်းပေါ်က တချို့ စိတ်မချရတဲ့ဆိုဒ်တွေကို  ၀င်ရောက်ကြည့်ရှု့ တဲ့ အခါမှာ  ကိုယ့်ရဲ့  IP နံပတ်ကို အမှန်အတိုင်းအလွယ်တကူ ရှာဖွေလို့  မရစေချင်တဲ့အခါမျိုးတွေမှာ အသုံးပြုလို့ ရပါတယ်......ဒီဆော့ဝဲလ်ကို အကျိုးရှိမယ့်နေရာတွေ မှာသာ  အသုံးပြုပါလို့ တော့ တောင်းဆိုချင်ပါတယ်ဗျာ...အမြဲတမ်းအသုံးပြုလို့ ရအောင် crack လေးပါထည့်ပေးထားပါတယ်...လိုချင်တဲ့လူများ အောက်က ဒေါင်းလော့  link က အဆင်ပြေတဲ့နေရာကနေ ဒေါင်းသွားပါ  ။



mediafire  ၊   ifile  

Folder Lock 6.6.5



ကိုယ့်ရဲ့  computer ထဲက  မိမိရဲ့  အရေးကြီးတဲ့ အချက်အလက်တွေ ၊ သူများမမြင်စေချင်တဲ့ file တွေ folder တွေ  (အနည်းနဲ့ အများတော့ ရှိကျမယ်ထင်ပါတယ် :D )ကို  အလွယ်တကူနဲ့  သိမ်းထားချင်တဲ့လူတွေအတွက်  ဒီ Folderlock softwareလေးကိုတင်ပေးတာပါ...ဒီ folderlock  software လေးကို password ပေးပီး  ကိုယ်သိမ်းချင်တဲ့ ဖိုင်တွေ ၊   folder တွေကိုထည့်ပီး  သိမ်းထားနိုင်ပါတယ်... ကိုယ်ပေးတဲ့ password ကိုတော့  မမေ့ဖို့ တော့လိုတာပေါ့ဗျာ    :)     ဒီ  Folderlock software က အသုံးမပြုချင်လို့  uninstall လုပ်မယ်ဆိုရင်တောင်   password     ပြန်ထည့်ပေးပီးမှ    uninstall လုပ်လို့ ရမှာပါ...အဲ့ဒီအတွက် ဒီဆော့ဝဲလ်ကို ဖျက်ချင်တယ်ဆိုရင်တောင် password မသိပဲ ဖျက်စီးလို့ မရတဲ့အတွက်  စိတ်ချရပါတယ်...အသုံးပြုပုံက လွယ်ကူတဲ့အတွက် လေကြောရှည်မနေတော့ပါဘူး...ကိုယ်တိုင်သာ စမ်းကြည့်လိုက်ပါ....လိုအပ်တဲ့လူများ အောက်က အဆင်ပြေတဲ့ download link ကနေ ဒေါင်းသွားကြပါ.. အမြဲတမ်းအသုံးပြုနိုင်အောင် key လေးပါ  file ထဲမှာတခါတည်း ထည့်ပေးထားပါတယ်.



mediafire   ၊     ifile

AutoHideDesktopicons 1.36

 

desktop  ပေါ်က icons လေးတွေပေါ်နေတာကို ဖျောက်ချင်သူတွေအတွက် autohide desktopicon 1.36 လေး တင်ပေးတာပါ...  freeware software လေးဖြစ်သလို အသုံးပြုရတာလည်း  လွယ်ကူပါတယ်....ဘာ install မှ လုပ်စရာမလိုပါဘူး...  ပေးထားတဲ့ zip ဖိုင်လေးကို ဖြည်လိုက်ရင်  icon လေးထွက်လာမယ်  ပီးတာနဲ့   icon လေးကိုနှိပ်လိုက်တာနဲ့   အလုပ်စလုပ်ပါပီ...  icon ကို ဖျောက်ချင်တဲ့ အချိန်လေးသာ  ကြိုက်သလိုထားလိုက် အချိန်ပြည့်သွားတာနဲ့   desktop ပေါ်မှာ ပြောင်သလင်းခါသွားပ့ါမယ်..အောက်က ပုံလေးကို ကြည့်ပ့ါ...




icon တင်မဟုတ်ပဲ  taskbar ကိုပါ ဖျောက်ချင်ရင်လည်း ရပါတယ်..  software မှာပါတဲ့  Hide taskbar ကို ရွေးချယ်ပေးလိုက်ရင်ရပါပီ...   ဖျောက်ထားတာတွေ ပြန်ဖော်ချင်တယ်ဆိုရင်တော့ software မှာ  left mouse button ကိုရွေးပေးထားရင်တော့ desktop ပေါ်မှာ left click လေး နှိပ်လိုက်ရင်  ပုံမှန်အတိုင်း  ပြန်ဖြစ်သွားပါတယ်...ဒီ software ကို အသုံးမပြုချင်တော့ဘူးဆိုရင်တော့  autohidedesktopicon ရဲ့ ညာဘက်အောက်မှာပါတဲ့ Esc ဆိုတာလေးကို ကလစ်နှိပ်လိုက်ရင် ရပါပီ..လိုချင်တယ်ဆိုရင်တော့  အောက်မှာတင်ပေးထားပါတယ်  ဒေါင်းသွားပါ..


mediafire   ၊  ifile  

Uniblue RegistryBooster 2011 v. 6.0.7.2





computer ကို registry cleaner လုပ်ဖို့ အတွက်  2011 ရဲ့  နံပတ် 1   ဖြစ်တဲ့    Registry  Booster 2011    (version 6.0.7.2) ကို တင်ပေးလိုက်တာပါ..  ကွန်ပျူတာရဲ့  registry error တွေကို ဒီ Uniblue RegistryBooster  က အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်... ပထမဆုံး ဆော့ဝဲလ်ကို ဖွင့်ပီး  start scan ကိုနှိပ်ပီး scan   ဖတ်လိုက်ပါ..  scan ဖတ်တာပီးသွားရင် အောက်က  fix errors ဆိုတာလေးကို နှိပ်လိုက်ရင်  ရပါပီ...software  ကို  အမြဲအသုံးပြုလို့ ရအောင် serial keလေးပါ   ထည့်ပေးထားပါတယ် ..     insatll လုပ်ပုံလုပ်နည်းကတော့ အားလုံးသိပီးသားဖြစ်မယ်ထင်လို့  လေမရှည်တော့ပါဘူး .. လိုအပ်တယ်ဆိုရင် အောက်မှာ download လုပ်သွားပါ....




mediafire   ၊    ifile  

Best Car Wallpapers



ကျတော်လည်း post အသစ်တွေအတင်တာကြာပီ...အလုပ်ကလည်း နည်းနည်းရှုပ်  အပျင်းကလည်း ကြီးနေတာနဲ့   ဘာမှမရှာဖြစ် ၊ မရေးဖြစ်ဘူး  :) ..    ခုလည်း  car wallpapers တွေ စုပီး တင်ပေးလိုက်တာပါ...အပေါ် မှာ ပြထားတဲ့ ပုံလေးကို ကြည့်ပီး သဘောကျမယ် ထင်ပါတယ်...ခုနောက်ဆုံးထွက် ကားတွေနဲ့   2012 မှာ ထွက်မယ့်  ကား ပုံ wallpaper တွေစုပီး တင်ပေးလိုက်တာပါ..လိုချင်ရင် အောက်မှာ ဒေါင်းလော့လင့်လေးတွေပေးထားပါတယ်...ဒေါင်းသွားပါ..



mediafire   ၊    ifile

BSR Screen Recorder v5.2.1



Screen Recoder  လုပ်ဖို့  software တစ်ခုလောက် ပေးပါဆိုပီး  သူငယ်ချင်းတစ်ယောက်   တောင်းတာနဲ့ တင်ပေးလိုက်တာပါ..ဒီ BSR software လေးက  လန်းတယ်ဗျ... screen recoder  လုပ်ထားတဲ့  ပုံတွေက  တော်တော်လေးကိုကောင်းတယ်  ..  ဒီကောင်လေးက  screen recoder အပြင် Screen Recorder captures video, sound and pictures of anything you see on your screen and records to AVI (Standard Video Format), SWF (Flash File), WMV (Windows Media Video) and EXE (Executable File) စတာတွေကိုပါ  အသုံးပြုနိုင်ပါသေးတယ်.. ကျတော်တို့ လို့   လူတွေအတွက် မရှိမဖြစ်ပေါ့..ဒီပြင်လိုအပ်တဲ့လူတွေအတွက်ပါ အဆင်ပြေအောင်  တခါတည်း တင်ပေးလိုက်တာပါ ..လိုအပ်တဲ့လူများ အောက်မှာ ဒေါင်းသွားပါ...
rar file  ကိုဖြည်လိုက်ရင်  window Vista & 7 အတွက် နဲ့  XP အတွက်ဆိုပီး application  နှစ်ခုပါပါတယ် ..ကိုယ်နဲ့  သင့်တော်တဲ့ application လေးကို run လိုက်ပါ  ..ပီးရင် ပေးထားတဲ့ serial key လေးကိုထည့်လိုက်ရင် အမြဲတမ်းအသုံးပြုလို့ ရပါပီ..



mediafire   ၊   ifile



Alram Clock Portable 2.3


ကွန်ပျူတာကို ထမင်းမေ့ဟင်းမေ့သုံးတတ်တဲ့လူတွေအတွက်  (ကျတော်လည်း အဲ့ဒီစာရင်းထဲမှာ ပါပါတယ်) လိုအပ်တဲ့  Alram software လေးပါ...ကျတော့တို့ တွေ  ကွန်ပျူတာရှေ့ ရောက်တာနဲ့ အချိန်ဆိုတဲ့  အရာကို  မေ့မေ့သွားတာ  မနည်းတော့ပါဘူး..  ဂိမ်းဆော့နေရင်  ပိုတောင်ဆိုးပါသေးတယ်...ဘာမှကို  သတိမရတော့တာပါ  :D..  ချိန်းထားတဲ့ ကိစ္စတွေနောက်ကျ    သတိရလို့   အချိန်ကြည့်လိုက်တိုင်း   အမြဲနောက်ကျနေတာ  များပါတယ်  ..ဒါကြောင့်  အဲ့လိုလူတွေအတွက်  ဒီလို alram က လိုအပ်ပါတယ်...ဘယ်သွားသွား  အဆင်ပြေစွာ အသုံးပြုလို့ ရအောင် portable လေး  တင်ပေးထားပါတယ်..လိုအပ်မယ့်လူများအတွက်  အောက်မှာ တင်ပေးထားပါတယ်..  ကျတော်ကိုယ်တိုင်လည်း ဆောင်ထားပါတယ်  :)


mediafire    ၊    ifile 

Wise Disk Cleaner Professional 5.83 Build 267



စက်ထဲက  မလိုအပ်တဲ့  Temporary ဖိုင်တွေ  ၊ restore  file ၊  error file......  အစရှိတဲ့  ဖိုင်တွေတော်တော်များများဟာ  စက်ထဲမှာ ကြာလာတာနဲ့ အမျှ  စက်ကိုလေးစေပါတယ်..အဲ့ဒီလို မလိုအပ်တဲ့ဖိုင်တွေကို အလွယ်တကူ ရှင်းပြစ်ဖို့ အတွက် Wise Disk Cleaner Professional
ဆိုတဲ့ software လေးတင်ပေးလိုက်တာပါ.. ဒီ software လေးက   disk cleaner အဖြစ်အသုံးဝင်သလို   Defragment , restore deleted file from hard drive , restore from a backup files , scrubber စတာတွေကိုပါ  ဒီ wise disk cleaner  software လေးတစ်ခုတည်းနဲ့  အဆင်ပြေစွာ  အသုံးပြုလို့ ရပါတယ်..အမြဲတမ်းအသုံးပြုလို့ ရအောင် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..လိုအပ်ရင် အောက်မှာဒေါင်းသွားပါ..


mediafire    ၊  ifile     



4Media Photo Slideshow Maker


Photo တွေကို သီချင်း ၊ Viedo တွေ  ထည့်ပီး   အလွယ်တကူ Slideshow လုပ်ချင်တဲ့လူတွေအတွက်      4Media Photo Slideshow Maker  ဆိုတာလေးထပ်တင်ပေးတာပါ...ဒီ software လေးနဲ့   ပုံတွေကို  အလွယ်တကူ slideshow  လေးလုပ်လို့ ရပါတယ်.. ဒီ software လေးရဲ့ အားသာချက်ကတော့  slideshow လုပ်ပီးသွားတဲ့ file ကို ထုတ်တဲ့ (output settings )နေရာမှာ အမျိုးအစားတွေ အများကြီးရွေးချယ်လို့ ရပါတယ်..  ဆော့ဝဲလ်ကတော့  potoble  အမျိုးအစားလေးပါပဲ....          လိုချင်ရင် အောက်မှာ  ဒေါင်းသွားပါ...



                                                 mediafire   ၊       ifile

Android ဖုန်း နဲ့  zawgyi

Android ဖုန်းတွေမှာ  မြန်မာဖောင့်  (ဇော်ဂျီ)  သွင်းပုံသွင်းနည်းလေးကို  သူငယ်ချင်းတွေမေးကြတာ    များလို့   post အဖြစ်  တင်လိုက်တာပါ......ဘာမှမခက်ခဲပါဘူး..လွယ်လွယ်ကူကူပဲ  မြန်မာဖောင့်ကို  သွင်းလိုရပါတယ် ..
ပထမဆုံး  အနေနဲ့   ဖုန်းကို  WiFi  နဲ့  အရင်ချိတ်လိုက်ပါ..ပီးရင်  Android ရဲ့ Market  မှာ Fontomizer SP  ဆိုတာကို  ရှာလိုက်ပါ  တွေ့ ပီဆိုရင်  ဖုန်းထဲကို  install လုပ်လိုက်ပါ...



ပုံလေးမှာလည်းပြထားပါတယ်  ..logo လေးက  ကျတောဓာတ်ပုံရိုက်ထားတာ   သိပ်မထင်ရှားဘူးဖြစ်နေတယ်..
ဖုန်းထဲကို  Fotomizer SP လေးရောက်လာပီဆိုရင်  open လိုက်ပါ  ပီးရင်  font အမျိုးအစားတွေအများကြီးထဲက  အောက်ဆုံးမှာ Zawgyi -One ဆိုတာလေးကို ရွေးပီး  install လုပ်လိုက်ပါ
 install လုပ်ပီးသွားပီဆိုရင်တော့  ဖုန်းရဲ့ setting ထဲကိုဝင်.....ပီးရင် Display  ->Font style မှာ Zawgyi One TTF ဆိုတာလေးကို  ရွေးလိုက်ရင်  မြန်မာစာကို  မြင်ရပီဖြစ်ပါတယ်
ကျတော်  Samsung  Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေါ်က အတိုင်းလုပ်တာ  အဆင်ပြေပါတယ်.. Gtalk , Gmail , Facebook ........   တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါတယ်


မြန်မာစာကို  ရိုက်ဖို့ အတွက်ကတော့  Android ရဲ့ Market    iTextMM2 Keyboard ကို ရှာပီးအင်စတောသွင်းလိုက်ပါ..ပီးသွားတာနဲ့   ဖုန်းရဲ့ settings ထဲကိုဝင်ပါ ..
ပီးရင် Locale and text မှာ iTextMM2 Keyboard ကို အမှတ်ခြစ်လေး လုပ်ပေးလိုက်ပါ..
နောက်တဆင့်က   settings-> Locale and text  ထဲက  Select input method ထဲကို ၀င်ပါ..ပီးရင်
iTextmm2 Keyboard လေးကိုရွေးပေးလိုက်ရင်  မြန်မာလိုရိုက်ဖို့ အတွက်  အဆင်ပြေသွားပါပီ..
ရိုက်ရတာလည်း  အဆင်ပြေလွယ်ကူပါတယ်
ခုကျတော်စမ်းထားတာ ကျတော်သုံးနေတဲ့ Samsung Galaxy SPlus မှာပါ...တချို့  Android ဖုန်းအမျိုးအစားတွေအတွက်  setting ပိုင်းမှာ လုပ်ပုံလုပ်နည်းကွဲလွဲနိုင်ပါတယ်..အဆင်မပြေတာရှိရင် comment မှာ ချန်ထားခဲ့ပါ..
Android Market  က  iTextmm  ရဲ့   မူရင်းလင့်လေးပါတင်ပေးထားပါတယ်  ဒီမှာပါ
မူရင်းလင့်လေးမှာ စာရိုက်ပုံကို ဗီဒီယိုဖိုင်လေးနဲ့ ပါ   တင်ပေးထားပါတယ်..လိုအပ်ရင်ဝင်ကြည့်လိုက်ပါ..

>> <<

Random Template

Popular Template

picoodle.com

Recent Post

free counters

Comments

အိုင်တီ နှင့် ဘလော့နည်းပညာတွင်
ရှာမည့်အကြောင်းကိုရိုက်ထည့်ပါ

Popular Games

Comments

This is featured post 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

This is featured post 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

This is featured post 3 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

This is featured post 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

This is featured post 5 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Bookmark Us! ?">index'); document.write('


var url = "http://ayelwin-it.blogspot.com";
var title = "";
function makeLink(){
if(document.all)
window.external.AddFavorite(url,title)
}
// -->
Bookmark Us! ?max-results=10">Label 3

'); document.write(" Bookmark Us! ?max-results="+numposts+"&orderby=published&alt=json-in-script&callback=showrecentposts\"><\/script>");

Popular Posts

Pengikut