Wondershare DVD Slideshow Builder Deluxe

သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံတွေကို Music ,Effect မျိုးစုံနဲ့  အလွယ်တကူ slideshow ပုံစံလေးလုပ်တာလိုချင်လို့ ဆိုလို့  ရှာပီးတင်ပေးလိုက်တာပါ...ဒီကောင်လေးက DVD slideshow လေးဖြစ်တဲ့အတွက် DVD နဲ့ ပါ တစ်ခါတည်းကြည့်လို့ ရပါတယ်..အောက်မှာ Time line လေးပါပါတဲ့အတွက် အလွယ်တကူဖန်တီးယူလို့ ရပါတယ်...သုံးရတာလည်း အလွန်လွယ်ကူပါတယ်...အမြဲတမ်းအသုံးပြုလို့ ရအောင် serial key လေးပါထည့်ပေးထားပါတယ်... လိုချင်တယ်ဆိုရင်တော့ အောက်မှာဝင်ယူသွားပါ..

Mediafire / ifile

Format Factory 2.60


ဒီ Format Factory လေးက viedo ဖိုင်တွေကို Mp3 ပြောင်းချင်တာပဲဖြစ်ဖြစ်... viedos,auidos,pictures စတာတွေကို format အမျိုးမျိုးပြောင်းချင်တာပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်..ပီးတော့ dvd, cd ထဲကိုဖိုင်တွေကိုလည်း file အမျိုးအစားတွေပြောင်းပေးနိုင်ပါတယ်...media file တော်တော်များများကိုလည်း support လုပ်ပေးပါတယ်....free software အမျိုးအစားလေးပါ.. install သွင်းပီး စိတ်ကြိုက်အသုံးပြုလို့ ရပါတယ်..လိုအပ်တယ်ဆိုရင် ယူသွားပါ...


Winrar 390


Computer ထဲမှာ rar ဖိုင်တွေ ဖြည်လို့ မရလို့  အခက်အခဲကြုံနေတဲ့ လူတွေအတွက် တင်ပေးလိုက်တာပါ...စက်ထဲမှာ winrar မရှိရင် rar ဖိုင်တွေကို ဘယ်လို့ မှဖြည်လို့ ရမှာမဟုတ်ပါဘူး ..အဲ့ဒီအတွက် ဒီ winrar 390 လေးကို download လုပ်ပီး စက်ထဲမှာ run ပေးလိုက်ပါ...မရှိသေးတဲ့လူတွေအတွက်တင်ပေးလိုက်တာပါ.....လိုအပ်ရင်ဝင်ယူသွားပါ..

Winrar 390

SlowChees Blitz WV2.1


Chees game လေးပါ...file ဆိုဒ်က 587 KB လေးပဲရှိပါတယ်...သေးသေးလေးပါ...အထင်တော့မသေးလိုက်နဲ့ နော်....နိုင်အောင်ဆော့ကြည့်ပါ.. Chees လက်ရွေးစင်တွေတောင် နိုင်အောင်တော်တော်ဆော့ယူရတဲ့ game လေးပါ... Chees ထိုးတာ ၀ါသနာပါတဲ့လူတွေ စမ်းကြည့်ကြည့်ပါ..နိုင်ခဲ့ရင် တကယ်ချီးကျူးရမှာပါ..ကျတော်တော့ ဆော့ကြည့်ပီးပီ....မနိုင်လို့  မဆော့တာကြာပေါ့..ခုမှသတိရလို့  တင်ပေးလိုက်တာပါ..အောက်မှာတင်ပေးထားပါတယ် ...လိုချင်ရင်ဝင်ယူသွားပါ... Portable အမျိုးအစားလေးပါ..


Adobe Photoshop CS5 (portable)





Adobe Photoshop ရဲ့ နောက်ဆုံးထွက် ဗားရှင်း CS5 သုံးချင်တဲ့လူတွေအတွက် တင်ပေးထားပါတယ်..
ဒီကောင်လေးလည်း portable လေးပါပဲ...အလွယ်တကူသုံးလို့ ရတာပေါ့... photoshop သမားတွေနဲ့  photoshop ကို စိတ်ဝင်စားတဲ့လူတွေအတွက်ပါ...potable ဆိုတော့ ဘယ်သွားသွား stick လေးထဲထည့်ပီး ယူသွားလို့ ရတာပေါ့ဗျာ....လိုချင်ရင်အောက်မှာတင်ပေးထားပါတယ်...

Mediafire / ifile

VLC Media Player


အသိညီလေး တစ်ယောက်ကို media player ပေးမလို့ လုပ်ရင်းနဲ့  တခါတည်းတင်ပေးလိုက်တာပါ..
ဒီ VLC media player လေးက ဗားရှင်း( 1.1.11)အသစ်လေးပါ.....ဒီ media player လေးက ၀င်ဒိုးအားလုံးမှာအဆင်ပြေပါတယ်...သုံးလို့ လည်းကောင်းပါတယ်... (MPEG-4, MPEG-2, MPEG-1, DivX, mp3, ogg, .....နဲ့  DVDs,VCDs ) တွေကို support လုပ်ပါတယ်...အောက်မှာတင်ပေးထားပါတယ်...လိုအပ်ရင်ဒေါင်းသွားပါ...


CCleaner (portable)


CCleaner ကတော့ ကိုယ့်ရဲ့ computer ထဲမှာမလိုအပ်တဲ့ပဲ computer ကိုလေးစေတဲ့ဖိုင်တွေ ....မလိုအပ်ပဲ စက်ကအလိုအလျှောက်မှတ်သားထားတဲ့ History file တွေစသဖြင့် ...ဖိုင်တွေကို ရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်..ပုံမှန်ဆိုရင် run ဘောက်ကိုခေါ်ပီး %temp% , resent တို့ ဘာညာဆိုပီးရိုက် ပီးတာနဲ့ လိုက်ဖျက်နေရတာ..ဒီတော့အချိန်ပေးရတာပေါ့...ဒီ CCleaner လေးကို သုံးလိုက်တော့ အဆင်ပြေသွားတာပေါ့...ခုက portable လေးဆိုတော့ install လုပ်စရာတောင်မလိုတော့ဘူး...လိုအပ်ရင် ယူသွားပါ...


IDM 6.60 Build 8


Internet Download Manager ဆိုရင် လူတိုင်းနီးပါးသိပီးသားပါ..အားလုံးနဲ့ လည်း အကျွမ်းတ၀င် ရှိပီးသားဆိုတော့ ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး...ကျတော့ကတော့ downloader တွေထဲမှာ IDM ကို အကြိုက်ဆုံးပါပဲ.. သုံးရတာအရမ်းလည်းလွယ်ကူပီးအဆင်ပြေပါတယ်....ခု ဗားရှင်း 6.06 လေးတွေ့ လို့  တင်ပေးထားတာပါ....serial key ရော crack ရော ပါပါတယ်....update တွေသုံးချင်တဲ့လူတွေအတွက်တင်ပေးလိုက်တာပါ..လိုချင်ရင် အောက်မှတင်ပေးထားပါတယ်....ယူသွားပါ...


Teamviewer v6



teamviewer ဗားရှင်းအသစ်လေးပါ... ဒီ teamviewer software လေးက တော်တော်ကို အသုံးဝင်ပါတယ်..ဒီကောင်လေးက အွန်းလိုင်းကနေပီး ကိုယ့်ရဲ့စက်ကိုလှမ်းပီး ကြည့်ခိုင်းတာပဲဖြစ်ဖြစ်...ကိုယ်ကိုတိုင်က သူများရဲ့စက်ကိုကြည့်ချင်တဲ့အချိန်တွေမှာပဲဖြစ်ဖြစ် သုံးလို့ ရပါတယ်... software ကိုဖွင့်ပီး ID နဲ့  password ကို ကြည့်ပေးချင်တဲ့လူကို ပေးလိုက်ရင် အဲ့ဒီလူက ကိုယ့်ရဲ့စက်ကို ကြိုက်သလို မွှေနှောက်ကြည့်လို့ ရပါတယ်...ဒီဆော့ဝဲလ်လေးရဲ့ အားသာချက်ကတော့ ပိတ်ပီး ပြန်ဖွင့်လိုက်တိုင်း password ကိုအမြဲချိန်းပေးပါတယ်...ကိုယ်ကိုတိုင် password မပေးပဲ ဘာမှဝင်ပီးလုပ်လို့ မရပါဘူး...partner ID အောက်မှာ Remote contorl , File transfer, VPN ဆိုပီး သုံးမျိုးပါပေးထားပါတယ် ကြိုက်တာရွေးပီး သုံးလို့ ရပါတယ်...
မူရင်းဆိုဒ်လေးက ဒီမှာပါ.. လိုအပ်ရင်အောက်မှာ ဒေါင်းသွားပါ..


ဇော်ဂျီ နဲ့  window ပြဿနာ

ကျတော့သူငယ်ချင်းတချို့ နဲ့  မိတ်ဆွေတချို့ က စက်မှာ ဇော်ဂျီဖောင့်ကိုသွင်းပီး မြန်မာလို မမြင်ရလို့  .. မြင်ရပီးတော့ gtalk မှာ စာရိုက်လို့ မရလို့ ....စာရိုက်လို့ ရပီး enter ခေါက်လိုက်ရင် အကွက်လေးတွေပဲ ပေါ်လို့  ဆိုပီး လာလာမေးကြတယ်...ဒါနဲ့ ပဲ အဆင်မပြေတဲ့လူတွေပါ တခါတည်းသိအောင်လို့ ဆိုပီး ဒီပိုစ့်လေးရေးလိုက်တာပါ...
အဓိကပြဿနာတက်တာတော့ window 7 နဲ့  64 bits တွေကိုကိုင်တဲ့လူတွေမှာ
အဆင်မပြေတာတွေများပါတယ် ..တကယ်လို့  အဆင်မပြေတဲ့လူတွေရှိရင် အောက်ပါအတိုင်းလေးလုပ်လိုက်ပါ..ကဲစရအောင်ဗျာ..
တခါတလေ စက်ထဲမှာဇော်ဂျီတွေတင်တာများလို့  ရှုပ်ကုန်ပီး အဆင်မပြေဖြစ်နေတတ်ပါတယ်..အဲ့ဒီတော့ ပထမဆုံး ကျတော်ပေးချင်တဲ့ဆော့ဝဲလ်လေးက AlphaZawgyiRemover ဆိုတာလေးပါ...အဲ့ဒီကောင်လေးကို run လိုက်တာနဲ့ စက်ထဲကဇော်ဂျီတွေကို ဖျက်ပေးသွားပါလိမ့်မယ်...ပီးတာနဲ့  စက်ကို restart ချပေးပါလိမ့်မယ်..
ဒီနေရာလေးကနေ ဒေါင်းပါ....
ပီးသွားပီဆိုရင်တော့ ဒီမှာပေးထားတဲ့ Alpha zawgyi unicode font ကိုဒေါင်းလိုက်ပါ...ပီးတာနဲ့  install လုပ်လိုက်ပါ ပီးရင်စက်ကို restart ချလိုက်ပါ...ဒါဆိုရင် အဆင်ပြေပါပီ...
ဒီလိုလုပ်ပီးမှ မြင်ပဲမြင်ရပီး စာရိုက်လို့ မရသေးဘူး ၊ taskbar မှာလည်း keyboard icon လေးမပေါ်ဘူးဆိုရင်တော့ နောက်ထပ် software လေးထပ်ပေးပါမယ်
ယူပီးသွားတာနဲ့  rar ဖိုင်လေးကိုဖြည်လိုက်ရင် zawgyi folder လေးထွက်လာပါမယ်...ဖိုင်ကိုဖွင့်လိုက်ပါ ပီးရင်setup ဆိုတာလေးကို run လိုက်ပါ... loading တို့  install လုပ်တာတို့ မပြပဲ ခဏကြာတာနဲ့  အောက်မှာပြထားတဲ့ပုံလေးအတိုင်း ဘောက်လေးတစ်ခုပေါ်လာပါလိမ့်မယ်...

ပေါ်လာပီဆိုတာနဲ့  close ကိုနှိပ်လိုက်တာနဲ့  taskbar မှာ keyboard icon လေးပေါ်နေမှာပါ..စမ်းရိုက်ကြည့်ပါ ...မြန်မာစာ (ဇော်ဂျီ)ကို အဆင်ပြေစွာ ရိုက်လို့ ရတာ တွေ့ ရပါမယ်..
နောက်ထပ်ပြောချင်တာလေးက IE9 ကို update လုပ်လိုက်ရင် gtalk မှာ အကွက်ထဲမှာ စာရိုက်ရင် မြင်ရပီး enter ခေါက်လိုက်ရင် အကွက်လေးတွေပဲပေါ်ပီး မြန်မာစာကို မမြင်ရတော့ပဲ ဖြစ်တတ်ပါတယ်..
အဲ့ဒီလိုဆိုရင်.. IE ရဲ့ Tools > Internet Options > Fonts မှာ Zawgyi-One ကိုရွေးပေးလိုက်ရင် ရပါပီ..
အဆင်မပြေတာ၇ှိရင် comment လေးချန်ပေးခဲ့ပါ

Gtalk မှာ Group chat (party chat) လုပ်နည်းလေးပါ


Gtalk မှာ ကိုယ်ပိုင် Group Chat လေးလုပ်ပီး chat box တစ်ခုထဲမှာ သူငယ်ချင်း ၊ မိတ်ဆွေတွေနဲ့  ဆွေးနွေးချင်တယ်ဆိုရင်...ဒါမှမဟုတ် အဖွဲ့ အစည်း..လုပ်ငန်းသုံးအတွက် group chat လေးလုပ်ချင်တဲ့လူတွေအတွက် လုပ်ပုံလုပ်နည်းလေး ပါ..ကဲ စလိုက်ကြရအောင်ဗျာ...
ပထမဆုံး http://partychapp.appspot.com/ ဆိုတဲ့နေရာလေးကို သွားလိုက်ပါ ...ရောက်သွားပီဆိုရင်အောက်မှာ How do I create a Room? ဆိုတဲ့ စာလေးတွေ့ လိမ့်မယ် ..အဲ့ဒီအောက်က sing in နေရာမှာ ကိုယ့် gmail နဲ့  sing in ၀င်လိုက်ပါ...ပီးတာနဲ့  Allow လုပ်လိုက်ပါ..ပီးတာနဲ့  အောက်ပုံလေးမှာပါတဲ့ Create a new room ဆိုတာလေးကို ကလစ်နှိပ်ပါ

ပီးတာနဲ့ အောက်ကလိုလေးထပ်ပေါ်လာမယ်......


အဲ့ဒီက Room name မှာ ကိုယ်ကြိုက်တဲ့ နာမည်လေးထည့်ပါ..
Room type မှာတော့ Invite-only နဲ့  Open ဆိုပီးနှစ်မျိုးပါပါတယ်...
Invite-only ကိုရွေးပေးမယ်ဆိုရင်တော့ ကိုယ်ဖွင့်ထားတဲ့ chat room မှာ ကိုယ်တိုင် invite လုပ်ထားတဲ့ လူတွေကလွဲပီး အပြင်လူတွေဝင်ရောက်ပြောဆိုလို့ လုံးဝရမှာမဟုတ်ပါ...
Open ကိုရွေးချယ်ထားရင်တော့ chat room လိပ်စာသိတဲ့လူတိုင်း ၀င်ရောက်ပြောဆိုလို့ ရမှာဖြစ်ပါတယ်...
အဲ့ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ပီးသွားပီဆိုရင်တော့ Other to invite : ဆိုတဲ့ အကွက်ထဲမှာ ကိုယ့်ရဲ့ gmail ကို ထည့်ပေးလိုက်ပါ... ပီးတာနဲ့  Create! ကို နှိပ်လိုက်ပါ...ဒါဆိုရင် ကိုယ်ပိုင် group chat လေးတစ်ခု ရသွားပီးပေါ့ခင်ဗျာ.....ပီးရင် the room's page ဆိုတဲ့ စာတမ်းလေးကို နှိပ်လိုက်တာနဲ့  ကိုယ့်ရဲ့ chat room page ကိုရောက်သွားပါလိမ့်မယ်... ရောက်သွားပီဆိုရင် အောက်နားက Invite People: ဆိုတဲ့အကွက်လေးထဲမှာ ကိုယ် invite လုပ်ချင်တဲ့လူရဲ့ gmail ကိုထည့်ပီး invite လုပ်လိုက်ရင်ရပါပီ...ပီးတာနဲ့ ကိုယ့်ရဲ့ gtalk မှာ ကိုယ်ဖွင့်ထားတဲ့ လိပ်စာနဲ့  invite တစ်ခုရောက်နေပါလိမ့်မယ်...လက်ခံလိုက်ပါ..ပီးတာနဲ့  ကိုယ်က invite လုပ်ထားတဲ့လူတွေက လက်ခံပေးပီးပီ ဆိုရင်တော့ ကိုယ့်ရဲ့ chat room လေးထဲမှာ ပြောချင်တာကို group chat အနေနဲ့ ပြောလို့ ရပီပေါ့ဗျာ....ဒီလောက်ဆိုရင်တော့ ကျတော့ရဲ့ သူငယ်ချင်း ၊ မိတ်ဆွေတွေလည်း သိလောက်ပီပေါ့ဗျာ...

လေကြောရှည်လက်စနဲ့ တလက်စထဲ့ chat room အသုံးပြုပုံလေးထပ်ပြောပြပါ့မယ် :)

chat room ထဲမှာ နာမည်ရေးချင်တယ်ဆိုရင် /alias * နာမည်* ဆိုပီးရိုက်ပါ..နာမည်နေရာမှာတော့ ကိုယ်ရဲ့နာမည်ပေါ့...ပီးရင် enter ခေါက်တာနဲ့  ကိုယ်ရဲ့နာမည်ကို အမည်းရောင်(bold) လေးနဲ့ သူများတွေကမြင်နေရပါလိမ့်မယ်...

chat room ထဲကလူတွေဘယ်သူအွန်လိုင်းမှာလက်ရှိ ရှိနေတယ်ဆိုတာသိချင်ရင် /list ပီးရင် enter...
ခဏနေတာနဲ့  chat room ထဲမှာ invite လုပ်ထားတဲ့ gmail တွေပေါ်လာပါလိမ့်မယ်..အွန်လိုင်းမှာလက်ရှိ ရှိနေတဲ့လူတွေရဲ့ gmail ဘေးမှာ (online) ဆိုပီးရေးထားတာတွေပါလိမ့်မယ်..
လက်ရှိအသုံးပြုနေတဲ့  chat room ကနေထွက်ခွာချင်တယ်ဆိုရင်တော့ /leave ကိုရေးပီး enter နှိပ်လိုက်ပါ...
ပြန်ပီးဝင်ချင်တယ်ဆိုရင်တော့ တစ်ခုခုရေးပီး enter နှိပ်လိုက်တာနဲ့  ပြန်ဝင်ပီးသားဖြစ်နေပါလိမ့်မယ်...
Gtalk party chat လုပ်တာလေး နဲ့ ပတ်သတ်ပီးအဆင်မပြေတာလေးတွေမေးမြန်းချင်တယ်ဆိုရင်တော့ comment လေးချန်ထားပေးပါ...

gtalk smilie theme v3.0


MMITD ဆိုဒ်က အစ်ကို ကိုအေးလွင့် တင်ပေးထားတဲ့ gtalk အတွက် theme လေးပါ... window XP ရော window 7 နှစ်ခုလုံးအတွက် ပါပါတယ် ...ဒီကောင်လေးက ကို ကျတော်စမ်းသုံးကြည့်တော့ သဘောကျသွားတာ..ဒါနဲ့  ပြန်ပီးတင်ပေးလိုက်တာပါ ..နေ့ တိုင်းတွေနေရတဲ့  gtalk ဒီဇိုင်းလေး လန်းသွားသလို့  smiley အသစ်တွေလည်းတိုးလာပါတယ်...ပီးတော့ ရိုက်ပုံရိုက်နည်း symbol လေးတွေကိုလည်း ဖိုင်ထဲမှာ notepad နဲ့ တခါတည်းထည့်ရေးပေးထားပါတယ်... gtalk မှာ theme အသစ်လေးတွေ သုံးရင်တော့ စစချင်းဆိုရင် gtalk ကို လေးစေပါတယ် ...သုံးရင်းနဲ့  နဲနဲကြာလာရင် ဘာမှမဖြစ်တော့ပဲ ok ပါတယ် ... လိုချင်တယ်ဆိုရင်တော့ အောက်မှာတင်ထားပေးပါတယ်...

TeraCopy 2.12


ဒီ software လေးက စက်တိုင်းမှာရှိသင့်တယ်လို့ ထင်ပါတယ်.. ဒီ Teracopy လေးရှိရင် copy & paste လုပ်တဲ့အခါ အရမ်းကို မြန်ဆန်သွားပါတယ်.. သိပီးသားလူတွေတော့များမှာပါ ..ဒါပေမယ့် မသိတဲ့လူတွေအတွက် လိုအပ်မယ်ထင်လို့  တင်ပေးလိုက်တာပါ..လိုအပ်မယ်ဆိုရင် အောက်မှာ ယူသွားပါ ..

Matrix Screen Locker


ဒီကောင်လေးက Screen locker ဆိုတဲ့အတိုင်း screen ကို လော့ချပေးတဲ့ ဆော့ဝဲလ်လေးပါ... ကိုယ်ပိုင်စက် အသုံးပြုနေတဲ့ လူတွေအတွက် အသုံးဝင်ပါတယ်...ကိုယ်စက်သုံးနေတဲ့အချိန် အပြင်သွားစရာရှိရင် ဒီကောင်လေးနဲ့  lock ချလိုက်တာနဲ့  password သိတဲ့လူကလွဲလို့  စက်ကိုဘယ်သူမှ ဖွင့်လို့ ၇မှာမဟုတ်တော့ပါဘူး...ဒီကောင်လေးကို install သွင်းပီးတာနဲ့  taskbar ညာဘက်မှာ X ပုံလေးပေါ်နေပါလိမ့်မယ်...အဲ့ဒီ X ပုံလေးမှာ right click နှိပ်ပီး set password ကို ကလစ်ပေးပါ...
ဘောက်လေးတစ်ခု ကျလာတာနဲ့  new password မှာ ကိုယ်ကြိုက်တဲ့ password ပေးပီး ok ဆိုပီး နှိပ်လိုက်ပါ..ပီးတာနဲ့  taskbar က X ပုံလေးကို ကလစ်ပေးလိုက်တာနဲ့  screen ကို ဒီဇိုင်းလန်းလန်းလေးနဲ့  lock ချပေးပါလိမ့်မယ်.. lock ချထားတာကို ဖွင့်ဖို့ ဆိုရင် screen ကို ကလစ်ပေးတာနဲ့  ဘောက်လေးပေါ်လာပီး အဲ့ဒီမှာ password ထည့်ပေးလိုက်တာနဲ့  ok ပါပီ...လိုချင်တယ်ဆိုရင်တော့ အောက်မှာဝင်ယူသွားပါ...
password : joker

>> <<

Random Template

Popular Template

picoodle.com

Recent Post

free counters

Comments

အိုင်တီ နှင့် ဘလော့နည်းပညာတွင်
ရှာမည့်အကြောင်းကိုရိုက်ထည့်ပါ

Popular Games

Comments

This is featured post 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

This is featured post 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

This is featured post 3 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

This is featured post 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

This is featured post 5 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Bookmark Us! ?">index'); document.write('


var url = "http://ayelwin-it.blogspot.com";
var title = "";
function makeLink(){
if(document.all)
window.external.AddFavorite(url,title)
}
// -->
Bookmark Us! ?max-results=10">Label 3

'); document.write(" Bookmark Us! ?max-results="+numposts+"&orderby=published&alt=json-in-script&callback=showrecentposts\"><\/script>");

Popular Posts

Pengikut